ပညာလမ်း← App သို့

Privacy / ကိုယ်ရေးအချက်အလက်

နောက်ဆုံးပြင်ဆင်ရက် — 7 October 2026

မည်သည့်ဒေတာကို အသုံးပြုသလဲ

ဝင်ရောက်ရန် Firebase Authentication ဖြင့် Email၊ account ID နှင့် အကောင့်အတည်ပြုမှုကို အသုံးပြုပါသည်။ Google Login ရွေးပါက Google မှ ပေးသော account profile ကို Firebase က ကိုင်တွယ်နိုင်ပါသည်။ App သည် ကိုယ်ပိုင် password ကို Firestore တွင် မသိမ်းပါ။

သင်ခန်းစာအဖြေများ၊ ပြီးစီးမှု၊ နောက်ဆုံးသိမ်းချိန်ကို သင့်အကောင့်နှင့် တွဲသိမ်းပါသည်။ ဆရာ၏ မူကြမ်း၊ တင်ထားသောဖိုင်၊ စစ်ဆေးသူ Email နှင့် ထုတ်ဝေမှုမှတ်တမ်းကို သင်ကြားရေးစနစ် လည်ပတ်ရန် အသုံးပြုပါသည်။

သိမ်းဆည်းမှုနှင့် ဝင်ခွင့်

Google Firebase သည် အကောင့်၊ ဒေတာနှင့် hosting ဝန်ဆောင်မှုကို ပံ့ပိုးပါသည်။ စာအုပ်ပုံနှင့် PDF များကို Firestore တွင် အပိုင်းခွဲသိမ်းပြီး Login အတည်ပြုပြီးသူများသာ ဖတ်နိုင်ပါသည်။ App စည်းမျဉ်းများအရ ကျောင်းသားသည် မိမိ progress ကိုသာ ဖတ်နိုင်သည်။ Project owner ၏ စီမံခန့်ခွဲရေးဝင်ခွင့် ရှိသည်။ အတည်ပြုဝင်ထားသော အကောင့်များသည် ထုတ်ဝေထားသော သင်တန်းနှင့် စာအုပ်စင်ကို ဖတ်နိုင်ပါသည်။

Browser တွင် Login session နှင့် App shell cache ကို သိမ်းပါသည်။ Logout လုပ်ခြင်းသည် cloud အကောင့်နှင့် progress ကို မဖျက်ပါ။ Cloud ဒေတာအတွက် အလိုအလျောက်ဖျက်မည့်ကာလ မသတ်မှတ်ရသေးပါ။ အသုံးပြုသူမှ ဖျက်ရန်တောင်းဆိုနိုင်ပါသည်။ Hosting provider သည် လုံခြုံရေးနှင့် ဝန်ဆောင်မှုအတွက် request logs ကို ကိုင်တွယ်နိုင်ပါသည်။ ဤ App တွင် သီးခြား advertising သို့မဟုတ် analytics tracker မထည့်ထားပါ။

စိတ်ကြိုက်အားပေးငွေ

Stripe လင့်ခ်ကို နှိပ်မှ Stripe payment page သို့ ရောက်ပါမည်။ ကတ်အချက်အလက်ကို ဤ App တွင် မဖြည့်ရပါ။ ငွေပေးချေမှုအတွက် Stripe နှင့် လက်ခံသူ၏ သတ်မှတ်ချက်များကို payment page တွင် ကြည့်ပါ။

ဆက်သွယ်ရန်

မိမိဒေတာကို ကြည့်ရှု၊ ပြင်ဆင်၊ ဖျက်ရန် သို့မဟုတ် privacy မေးခွန်းများအတွက် minmaung0307@gmail.com သို့ ဆက်သွယ်ပါ။ လူနာအမည်၊ ဓာတ်ပုံနှင့် ကျန်းမာရေးမှတ်တမ်းများကို ဤ App ထဲ မတင်ပါနှင့်။

Google Privacy · Stripe Privacy